Showing posts with label javascript_obj. Show all posts
Showing posts with label javascript_obj. Show all posts

Thursday, September 18, 2008

Array တစ်ခု တည်ဆောက်ခြင်း

Javascript Array Object

Array တစ်ခုဆိုတာ variable တစ်ခုဖြစ်ပြီး တန်ဖိုးတွေ အများကြီး သိမ်းဆည်းထားလို့  ရပါတယ်။ javascript ရဲ့  array ဟာ တခြား programming ဘာသာရပ်တွေ က array တွေ လိုပါပဲ။
အောက်ပါအချက်များကို javascript မှာ array ကိုသုံးတဲ့ အခါ သိမှတ်ထားသင့်ပါတယ်။

၁။ ။ တန်းဖိုးတွေဟာ array တစ်ခုထဲကို သိမ်းဆည်းတော့မယ်ဆိုရင် array နာမည်နဲ့  နေရာကို ဖော်ပြပြီး သိမ်းဆည်းနိုင်ပါတယ်။ ဥပမာ - myFirstArray[2] = “Hello JS Array”;


၂။ ။ သိမ်းထားတဲ့ တန်းဖိုးတွေကို ပြန်ပြီးထုတ်ယူ သုံးစွဲခြင်တဲ့ အခါမှာလည်း array နာမည်နဲ့  နေရာကို ဖော်ပြပြီး ပြန်ထုတ်နိုင်ပါတယ်။ ဥပမာ - var varlue = myFirstArray[2]; (ဒါဆို ခုနက Hello JS Array ဆိုတဲ့ တန်ဖိုးကို ပြန်ရပါမယ်။)

အောက်ပါ နည်းလမ်းနဲ့  Array တစ်ခုကို တည်ဆောက်လို့ ရပါတယ်။


 Var myFirstArray = new Array(3);

ဒါဆိုရင် ကျွန်တော်တို့ရဲ့ myFirstArray ရဲ့ length property ဟာ ၃ ဖြစ်သွားပါပီ။
myFirstArray ကို value တွေထပ်ဖြည့်ရအောင်.....

myFirstArray[0] = "This is first Item"; // Javascript ရဲ့ Array က index 0 ကနေစတာပါ
myFirstArray[1] = new Object();
myFirstArray[2] = new Date();


နောက်တစ်မျိုးစမ်းကြည့်ရအောင်

var myFirstArray = new Array();
myFirstArray.push("This is first Item");
myFirstArray.push(new Object());
myFirstArray.push(new Date());


Array ရဲ့ push method ကိုသုံးရင် Array object က Array ရဲ့ length ကို auto increment လုပ်ပေးသွားပါတယ်။
အခုအချိန် myFirstArray.pop() ဆိုပီး Array object ရဲ့ pop method ကိုခေါ်လိုက်ရင် myFirstArray ရဲ့ length က ၁ လျော့သွားပါပီ။
အဲဒီလိုပဲ myFirstArray ရဲ့ အကြီးဆုံး index က value (ဥပမာ ထဲက အတိုင်းဆိုရင် new Date()) ကပျက်သွားပါတယ်။
var lastVar = myFirstArray.pop() ဆိုရင် myFirstArray ရဲ့ နောက်ဆုံး index က value က lastVar ဆိုတဲ့ variable ထဲကိုရောက်သွားပါမယ်။
myFirstArray ထဲကလည်း ပျက်သွားပါပီ။ myFirstArray ရဲ့ length property ကလည်း 2 ဖြစ်သွားပါမယ်။
(myFirstArray.length)



အာကေလာ၊ အဇူရီ
၁၄ စက်တင်ဘာ ၂၀၀၈

Saturday, September 13, 2008

Javascript toLocaleString() Method

အဓိပ္ပါယ်ဖွင့်ဆိုချက်

toLocaleString method လေးက Date object တခုကို လက်ရှိ စက်ရဲ့  အချိန် ပေါ်မူတည်ပြီး String အဖြစ် ပြန်ပေးပါတယ်။

အသုံးပြုပုံ

အောက်က နမူနာမှာ (စက်ထဲမှာရှိနေတဲ့) လက်ရှိ ဒီနေ့ အချိန်ကို stirng အဖြစ် ပြန်ထုတ်ရိုက်ပြပါလိမ်မယ်။


<script type="text/javascript">
var todayDateObj = new Date();// var dobDateObj = new Date('Feb 23, 1983');
var todayDateStr = todayDateObj.toLocaleString();// var dobStr = dobDateObj.toLocaleString();
document.write(todayDateStr);//document.write(dobStr);
alert(todayDateStr);//alert(dobStr);
</script>

အောက်မှာ ပြထားသလိုမျိုး (သုံးနေတဲ့ စက်ရဲ့  ပုံစံချပုံ (setting) ပေါ်မူတည်ပါတယ်။) ဘရောက်ဇာ ကနေကြည့်ရင် မြင်ရပါလိမ့်မယ်။





ရည်ညွန်း။ ။ w3school

အာကေလာ။